Monday, April 8, 2013

ရင်ဆိုင်နိုင်စွမ်း

ဘဝမှာ အခက်အခဲဆိုတာ ရှိပါတယ်။ ဒုက္ခတွေဆိုတာလည်း ကြုံရမှာပဲ။ အဲဒီတော့ အခက်အခခဲတွေကို ညည်းတွားမယ့်အစား တခြားရူထောင့်ကနေ ပြောင်းကြည့်လိုက်ပါ။

လောက က မဖြေရှင်းနိုင်တဲ့ အခက်အခဲကို မပေးထားပါဘူး။ အခက်အခဲတစ်ခုကို ကိုယ် မရှင်းနိုင်ဘူးလို့ တွေးမိတဲ့အခါ စဉ်းစားလိုက်ပါ။ ကိုယ်ရဲ့ အဆင့်မြင့်လာလို့ ပိုခက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရတာလို့။

ဟုတ်ကဲ့။ ခက်ခဲမှုတွေနဲ့ ကြုံရတိုင်း ကိုယ့်ဘာသာကိုယ် ကွန်ဂရက်ကျူလေးရှင်း လုပ်ပါ။ ငါ အဆင့် တစ်ခုတက်ခဲ့ပြီလို့ စဉ်းစားမိရင် အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်းရှိသွားမှာပါ။

~ ခိုင်သစ္စာ ~

1 comment:

  1. ကျွန်တော်တို့ ဘဝမှာ လူတစ်ယောက် ဖြစ်လာတယ်ဆိုတာ
    ဘဝမှာ ရပ်တည်နိုင်တဲ့ လုံလောက်တဲ့ စွမ်းအင် စွမ်းအားတွေ
    အပြည့်ရှိနေလို့ပါပဲ
    အရှုံးမပေးပါနဲ့ ... အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာပါတဲ့

    ဒီလိုမျိုးလေး ဖတ်ဖူးတယ် မ
    ကျွန်တော်တော့ အခက်အခဲတွေ ကြုံလာတိုင်း
    စိတ်ညစ်ပေမဲ့ အရှုံးတော့ မပေးဘူး
    ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်နေတယ်

    ReplyDelete

ဟိတ် ... ဟိတ်
ဒီအတိုင်း လှည့်ပြန်မသွားရ
တစ်ခုခု ပြောခဲ့