Saturday, March 23, 2013

နွေလအတွက် မွေးနေ့လက်ဆောင်ကဗျာ



အနုပညာဟာ အနုပညာလို့
သတ်မှတ်ထားမှုစံမှာ
Copy နဲ့ Paste ကို အသုံးချ
ကိုယ့်ဖန်တီးမှု မွေးစားခံရလိမ့်မယ်

ဝါသနာနဲ့ ရပ်တည်မှု
ဆုံမှတ်ချင်း ထပ်တူမကျချိန်
ကလောင်ကို မျက်နှာလွှဲ
ရပ်တည်မှုကို ဖက်တွယ်ရချိန်လည်း ရှိလိမ့်မယ်

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို အချိုးကျချိန်
ဖြစ်ချင်စိတ်တွေ အလေးသာမလား
ဖြစ်သင့်တာကို မျက်နှာသာပေးမလား

ဆုံးရှုံးရမှုတွေ ရှိလိမ့်မယ်
ပေးဆပ်ရမှုတွေ ရှိလိမ့်မယ်
……………………………………………
…………………………………………...
အားမငယ်နဲ့
စိတ်ဓါတ်မကျနဲ့
ကမ်းလက်တွေ လှမ်းနေတာ
အပြုံးစစ်တွေ ဝန်းရံနေတာ
မြင်တတ်ပါစေ
ကြည့်တတ်ပါစေ …

နွေညမှာ သာတဲ့ လ
တိမ်မဖုံးဘဲ သာနိုင်စေ … ။

ခိုင်သစ္စာ
( ၁၈နှစ်ပြည့် မွေးနေ့မှ စ နောင်နှစ်တွေတိုင် ဝါသနာနဲ့အလုပ် ထပ်တူကျနိုင်ပါစေ )

No comments:

Post a Comment

ဟိတ် ... ဟိတ်
ဒီအတိုင်း လှည့်ပြန်မသွားရ
တစ်ခုခု ပြောခဲ့